Thursday, January 22, 2009

မျှော်လင့်ခြင်း.................








ထာဝရအချစ်ဆုံး
တစ်ဘ၀လုံးတွင်
တစ်ယောက်သာချစ်
သည်အဖြစ်နှင့်
မျှော်လင့်ရက်ရှည်
စောင့်ကာနေမည်........။
တစ်ချိန်တစ်နေ့
ပြန်အတွေ့ဝယ်
မျှော်လင့်ချက်ပြည့်
ဘ၀တွေ့ဟု
တမ်းတမျှော်လင့်
အကျွန်လွင့်ပြီ..........။

Monday, December 29, 2008

ချစ်သူသို့

ကဗျာမျက်ရည်










တစ်ကိုယ်ရည်....အဖော်ကွဲ
ကဗျာလေး.....ရင်မှာသီ
ကျန်နေသူ.....ရင်မှာဆွေး
ကဗျာရေးဖြေမည်......။
တချိန်မှာ.....ပြန်လာကွယ်
ကဗျာရေး....မျှော်မယ်
မင်းမလာခင်......ရေးထားတယ်
ကဗျာလေးတွေ......မျက်ရည်လည်။
နေ့စဉ်တမ်းတ......
........မျှော်နေတယ်...................။

Wednesday, December 24, 2008

My Birthday........

Happy Birthday MySpace Comments

"Happy Birthday" in different languages

English…………. Happy Birthday!

Indonesian……...Selamat Ulang Tahun!

Japanese…………Otanjou-bi Omedetou Gozaimasu!

Korean………….....Saeng il chuk ha ham ni da!

Thai………………....Suk San Wan Keut!

Chinese…………...Sun Yat Fai Lok!

French……………..Joyeux Anniversaire!

GERMAN……..…Alles Gute zum Geburtstag!

LATIN……………Fortuna dies natalis!

MYANMAR…..….ပျော်ရွှင်စရာ မွေးနေ့ ပါ …….

Monday, December 22, 2008

မလှမ်းဝံ့သူ








ရွေကြာရယ်

ရေမှာ မှ လှပေမပေါ့

မြေမာ က

ကြွေကာ ကျ တဲ့
ပန်းကတော့ မမှီနိုင်ဘူး

ရေကြည်မှာ

အနေတည် စွာနဲ့
နေခြည် မှာ ပိုကာ လှပေတော့

မလှမ်းဝင့်သူလေး.............။

Saturday, December 20, 2008

ချစ်တယ် လို့ ပဲ ပြောချင်တယ်..........








ချစ်တယ်
လို့ ပြောမယ်
ချစ်လား လို့ မမေးဘူး
မချစ်ဘူး ဆို ရူးလိမ့်မယ်
တယူသန် တယ် ထင်လည်း(မတတ်နိုင်ဘူး)
ဒါငါ့စိတ် က အရှိအတိုင်းပဲ

တခြားလူတွေလို
လိမ်လည် တဲ့ နှုတ်ခမ်းက
ဟန်ဆောင် တဲ့ စကားကို

ပေါ့ပျက်ပျက်နား နဲ့ နားမထောင်ချင်ဘူး
ငါ့စကားရီစရာ လို့ ထင်ချင်ထင်မယ်
ပျားရည်လူးပြီး မှ
` ချိုပါတယ် ´လို့ မရူးချင်ဘူး
ိုအချစ်ဆိုတာ ကို
ချစ်တယ် လို့ ပြောတာထက် လေးနက်တဲ့စကား
နောင်လာ မယ့် ရာစုသစ် မှာ ပေါ်လာရင်တောင်
ပထမဆုံးပြော တဲ့ အသံဟာ
မင်းအတွက်ပြော တဲ့ ငါ့ရဲ့အသံပဲ ဖြစ်စေရမယ်
ထပ်ပြီးပြောမယ်
' သိပ်ချစ်တယ်'
ချစ်လား လို့ ဘယ်တော့မှမမေးဘူး....................။

Wednesday, December 17, 2008

မချစ်ဘူးသူ........ သို့










မိုးလေ အုံ့ဆိုင်း

ဒီရင်လှိုင်း တွင်
ချစ်မိုးဖွဲ ဇွဲ...
ရွာချင်သည်......။

မိုးရေစွတ်စို
ရင်ခွင်ကိုလည်း
ချစ်ချင်းရောင်ပြန်
ဟပ်ပါကွယ်....။

မိုးတိမ်လွန့်လူး
မချစ်ဖူးလည်း
ကိုယ့်ဘက်ကိုတော့
ငဲ့ပါကွယ်.။