ချစ်တယ် လို့ ပြောမယ်
ချစ်လား လို့ မမေးဘူး
မချစ်ဘူး ဆို ရူးလိမ့်မယ်
တယူသန် တယ် ထင်လည်း(မတတ်နိုင်ဘူး)
ဒါငါ့စိတ် က အရှိအတိုင်းပဲ
တခြားလူတွေလို လိမ်လည် တဲ့ နှုတ်ခမ်းက
ဟန်ဆောင် တဲ့ စကားကို
ပေါ့ပျက်ပျက်နား နဲ့ နားမထောင်ချင်ဘူး
ငါ့စကားရီစရာ လို့ ထင်ချင်ထင်မယ်
ပျားရည်လူးပြီး မှ` ချိုပါတယ် ´လို့ မရူးချင်ဘူး
ိုအချစ်ဆိုတာ ကို
ချစ်တယ် လို့ ပြောတာထက် လေးနက်တဲ့စကား
နောင်လာ မယ့် ရာစုသစ် မှာ ပေါ်လာရင်တောင်
ပထမဆုံးပြော တဲ့ အသံဟာ
မင်းအတွက်ပြော တဲ့ ငါ့ရဲ့အသံပဲ ဖြစ်စေရမယ်
ထပ်ပြီးပြောမယ်
' သိပ်ချစ်တယ်'
ချစ်လား လို့ ဘယ်တော့မှမမေးဘူး....................။
1 comment:
ချစ်တယ်လို့ပဲ ပြောမယ်
ချစ်လားလို့ ဘယ်တော့မှ မမေးဖူး...တဲ့
ဟုတ်တယ်။ မချစ်ဖူးလို့ ပြောလိုက်ရင် ရင်ကွဲရချည်ရဲ့နော်း(
Post a Comment