Monday, December 29, 2008

ချစ်သူသို့

ကဗျာမျက်ရည်










တစ်ကိုယ်ရည်....အဖော်ကွဲ
ကဗျာလေး.....ရင်မှာသီ
ကျန်နေသူ.....ရင်မှာဆွေး
ကဗျာရေးဖြေမည်......။
တချိန်မှာ.....ပြန်လာကွယ်
ကဗျာရေး....မျှော်မယ်
မင်းမလာခင်......ရေးထားတယ်
ကဗျာလေးတွေ......မျက်ရည်လည်။
နေ့စဉ်တမ်းတ......
........မျှော်နေတယ်...................။

Wednesday, December 24, 2008

My Birthday........

Happy Birthday MySpace Comments

"Happy Birthday" in different languages

English…………. Happy Birthday!

Indonesian……...Selamat Ulang Tahun!

Japanese…………Otanjou-bi Omedetou Gozaimasu!

Korean………….....Saeng il chuk ha ham ni da!

Thai………………....Suk San Wan Keut!

Chinese…………...Sun Yat Fai Lok!

French……………..Joyeux Anniversaire!

GERMAN……..…Alles Gute zum Geburtstag!

LATIN……………Fortuna dies natalis!

MYANMAR…..….ပျော်ရွှင်စရာ မွေးနေ့ ပါ …….

Monday, December 22, 2008

မလှမ်းဝံ့သူ








ရွေကြာရယ်

ရေမှာ မှ လှပေမပေါ့

မြေမာ က

ကြွေကာ ကျ တဲ့
ပန်းကတော့ မမှီနိုင်ဘူး

ရေကြည်မှာ

အနေတည် စွာနဲ့
နေခြည် မှာ ပိုကာ လှပေတော့

မလှမ်းဝင့်သူလေး.............။

Saturday, December 20, 2008

ချစ်တယ် လို့ ပဲ ပြောချင်တယ်..........








ချစ်တယ်
လို့ ပြောမယ်
ချစ်လား လို့ မမေးဘူး
မချစ်ဘူး ဆို ရူးလိမ့်မယ်
တယူသန် တယ် ထင်လည်း(မတတ်နိုင်ဘူး)
ဒါငါ့စိတ် က အရှိအတိုင်းပဲ

တခြားလူတွေလို
လိမ်လည် တဲ့ နှုတ်ခမ်းက
ဟန်ဆောင် တဲ့ စကားကို

ပေါ့ပျက်ပျက်နား နဲ့ နားမထောင်ချင်ဘူး
ငါ့စကားရီစရာ လို့ ထင်ချင်ထင်မယ်
ပျားရည်လူးပြီး မှ
` ချိုပါတယ် ´လို့ မရူးချင်ဘူး
ိုအချစ်ဆိုတာ ကို
ချစ်တယ် လို့ ပြောတာထက် လေးနက်တဲ့စကား
နောင်လာ မယ့် ရာစုသစ် မှာ ပေါ်လာရင်တောင်
ပထမဆုံးပြော တဲ့ အသံဟာ
မင်းအတွက်ပြော တဲ့ ငါ့ရဲ့အသံပဲ ဖြစ်စေရမယ်
ထပ်ပြီးပြောမယ်
' သိပ်ချစ်တယ်'
ချစ်လား လို့ ဘယ်တော့မှမမေးဘူး....................။

Wednesday, December 17, 2008

မချစ်ဘူးသူ........ သို့










မိုးလေ အုံ့ဆိုင်း

ဒီရင်လှိုင်း တွင်
ချစ်မိုးဖွဲ ဇွဲ...
ရွာချင်သည်......။

မိုးရေစွတ်စို
ရင်ခွင်ကိုလည်း
ချစ်ချင်းရောင်ပြန်
ဟပ်ပါကွယ်....။

မိုးတိမ်လွန့်လူး
မချစ်ဖူးလည်း
ကိုယ့်ဘက်ကိုတော့
ငဲ့ပါကွယ်.။

Monday, December 15, 2008

လေချိုသွေး









ချစ်သူ့ဆံနွယ်

အဖြန့်ဝယ်
လေချိုသွေးက
တိုက်ခတ်တယ်
ပိုမိုလှတယ်..........ချစ်သူရယ်....။

ချစ်သူ့ပါးပြင်
သနပ်ခါးတင်
လေချိုသွေးက
ဖြန့်လွှင့်တယ်
ပိုမိုမွှေးတယ်......ချစ်သူရယ်........။

ချစ်သူ့အနား
ကိုယ်ကပ်သွား
လေချိုသွေးက
တွန်းပို့တယ်
ကိုယ်တို့ နီးပြီ....ချစ်သူရယ်.........။

Sunday, December 14, 2008

မျက်ဝန်း..........မိုး










နှင်းဆီရယ်

အပင်မှာဖူး
ရင်မှာမြူးတူး
ပျော်ခဲ့သည်.....
နှင်းဆီပွင့်ပြီ
သည်အပင်ဆီ
ကြိုတွေးကာ
ရင်မှာစိုး
အလှမာန်မ၀င့်
ဘ၀ကံအဖြစ်ကြောင့်
တချိန်တခါမှာသူ ညှိုး
မျက်ဝန်းမှာ...........မိုး.....။

Friday, December 12, 2008

ဆောင်းနံနက်









မြူနှင်းပွင်ကြား

ဒီနေအားက
ထိုးခွင်းဝင်ရောက်
်မြူနှင်းပျောက်ပြီ.........။

နေခြည်လင်းရောင်
ဖြာဆင်းပြီမို့
ပန်းနှင်းဆီလည်း
လှသွေးကြွယ်ပြီ.............။

ကျေးငှက်လိပ်ပြာ
အစာရှာလို့
ဝမ်းစာဖြည့်တင်း
နံနက်ခင်း.................။

Thursday, December 11, 2008

ထာဝရသူငယ်ချင်း







နွေးထွေးခင်မင်

သံယောဇဉ်ဖြင့်
သူ့တစ်ယောက်ကို ခင်မိတယ်.............။


အေးစက်စိမ်းကား
ဝေးမသွားအောင်
ခင်မင်မှုကို ရှည်စေကွယ်.................။

ကာလရှည်ကြာ

တွယ်တာပါ
ထာဝရတော့
ဖြစ်စေကွယ်..........။

Tuesday, December 9, 2008

သဘာဝများ*









အေးမြလရိပ်

ညတစိပ်ကို
ဖြည့်စွမ်းခြင်းဖြင့်
ကုန်လွန်သည်.......။

စမ်းရေကျသံ
စည်းချက်မှန်က
စမ်းချောင်းလေးကို
ပေးဝေသည်.......။

ဥသြဟုဆို
ကျေးငှက်လို
နွေသဘာဝကို
အေးစေသည်......။

ဟန်ဆောင်ခြင်းကင်း
မင်းပြုံးခြင်းက
နှလုံးသားကို
နွေးစေသည်.....။


Monday, December 8, 2008

သခင့်အဝေးတစ်နေရာ...........










ထာဝရအမုန်း

ရသမျှအရှုံးကို
သခင့်အပြုံးကြောင့်
ခံပါ့မယ်....။

အမြဲရှောင်ဖယ်
သွေကာစိမ်းလည်း
သခင့် အပါး
အပြုံးများနဲ့ ဝေပါ့မယ်.........။

နေ့စဉ်စိမ်းကား
တိမ်းမသွားဘဲ
သခင့်အဝေးကပဲ
ချစ်ပါ့မယ်.............။

ဖွင်ပြောခွင့်လေး~~~~~!












အကြင်နာလမင်း.......


ရင်မှာညခင်းက.............
မထွန်းလင်းခဲ့ပါလားနော်...........
ဒီတခါလ၀င်းရင်ဖြင့်..................
အကြင်နာလမင်းကလည်း.........
ထွန်းလင်းခွင့်လေးပေးပါနော်............
ခင်တာမကြာမြင့်လည်း............
ရင်မှာအခါသင့်ရင်ဖြင့်.........
ဖွင့်ပြောခွင့်လေးပေးပါကွယ်............။

ခင်









တစ်ရက်မမှန်း
အသက် ဆုံးထိ
အရိုးသားဆုံး
နှလုံးသားနဲ့
ချစ်နေပါ့မယ်....ခင်...။