Monday, December 15, 2008

လေချိုသွေး









ချစ်သူ့ဆံနွယ်

အဖြန့်ဝယ်
လေချိုသွေးက
တိုက်ခတ်တယ်
ပိုမိုလှတယ်..........ချစ်သူရယ်....။

ချစ်သူ့ပါးပြင်
သနပ်ခါးတင်
လေချိုသွေးက
ဖြန့်လွှင့်တယ်
ပိုမိုမွှေးတယ်......ချစ်သူရယ်........။

ချစ်သူ့အနား
ကိုယ်ကပ်သွား
လေချိုသွေးက
တွန်းပို့တယ်
ကိုယ်တို့ နီးပြီ....ချစ်သူရယ်.........။

No comments: