Tuesday, December 9, 2008

သဘာဝများ*









အေးမြလရိပ်

ညတစိပ်ကို
ဖြည့်စွမ်းခြင်းဖြင့်
ကုန်လွန်သည်.......။

စမ်းရေကျသံ
စည်းချက်မှန်က
စမ်းချောင်းလေးကို
ပေးဝေသည်.......။

ဥသြဟုဆို
ကျေးငှက်လို
နွေသဘာဝကို
အေးစေသည်......။

ဟန်ဆောင်ခြင်းကင်း
မင်းပြုံးခြင်းက
နှလုံးသားကို
နွေးစေသည်.....။


No comments: