Friday, December 12, 2008

ဆောင်းနံနက်









မြူနှင်းပွင်ကြား

ဒီနေအားက
ထိုးခွင်းဝင်ရောက်
်မြူနှင်းပျောက်ပြီ.........။

နေခြည်လင်းရောင်
ဖြာဆင်းပြီမို့
ပန်းနှင်းဆီလည်း
လှသွေးကြွယ်ပြီ.............။

ကျေးငှက်လိပ်ပြာ
အစာရှာလို့
ဝမ်းစာဖြည့်တင်း
နံနက်ခင်း.................။

1 comment:

su wai said...

ဲမြူနှင်းကွယ်ပျောက်
အလင်းရောက်ချိန်မှာ
ဝမ်းစာအရှာထွက်ရတဲ့
အားမာန်အပြည့်နဲ့
ဆောင်းနံနက်ရဲ့ အလှကို
ပေါ်လွင်စေတဲ့ ကဗျာလေးမို့
အရမ်းသဘောကျမိပါတယ်။

အားပေးလျက်
ဆုဝေ